ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)သည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ကြည့်ရှုစစ်ဆေး ၍ စာကြည့် တိုက်ယဉ်ကျေးမှုနှင့် စာကြည့်တိုက်သို့သွားသည့် အလေ့အထ ထူထောင်ရန် ပြောကြားသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနှစ်ခုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၅၈ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသော သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ အလုံမြို့နယ် ဗဟို လမ်းရှိ ခုတင် ၈ဝဝ ဆံ့ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၌ ခေတ်မီခွဲစိတ်ခန်း ငါးခန်း ပါဝင်သော ငါးထပ် ဆောင်သစ်ကြီးကို မကြာမီတိုးချဲ့ ဖွင့် လှစ်သွားမည်ဖြစ် ပြီး ယင်းတိုးချဲ့ မှုနှင့်အတူ ဖန်ပြွန်...
နေပြည်တော်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရာတွင် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ ကျား- ငါးဆယ်ရာခိုင်နှုန်း၊ မ – ငါးဆယ်ရာခိုင်နှုန်း အချိုးဖြင့် လက်ခံသည့် လက်ရှိ ကန့်သတ်မှုကို ပြန်လည် စဉ်းစားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်၌...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ယခု ၂ဝဝ၇–၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၃၈ဝနှင့်အထက် ရရှိသူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ထုတ်ပြန်ချက် သတင်းများအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ အခြေခံပညာ ကျောင်းပေါင်း ၁၂ ကျောင်း ကို အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တိုင်းရင်းဆေးသုတေသနများ ပြုလုပ်မည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေများ ပံ့ပိုးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
နေပြည်တော်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) သူနာပြုနှင့် သားဖွား ဆရာမများ၏ အလုပ်ဝင်ပေါက်(ပညာအရည်အချင်း)၊ ရာထူးနှင့် လစာနှုန်းထား များအား ပြောင်းလဲသတ်မှတ်ရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။