Connect with us

Education & Health

ရာသီ တုပ်ကွေး ရောဂါဖြင့် လူနာ ၄၁ ဦးရှိကာ သေဆုံးသူ ၇ ဦးရှိ

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရရှိသော ရောဂါဖြစ်ပွားမှုအချက်အလက်များအရ ဇူလိုင် ၂၁ ရက်မှ ၂၉ ရက် အထိ ရာသီတုပ်ကွေး ရောဂါ လူနာ စုစုပေါင်း ၄၁ ဦး၊ သေဆုံးသူ(၇)ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်သည်။

သံသယ ရာသီတုပ်ကွေး ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ ၁၃၈ ဦး ရှိခဲ့သည့် အနက် Seasonal Influenza A(H1N1) pdm09Positive လူနာ စုစုပေါင်း ၄၁ ဦး ရှိခဲ့ခြင်း ဖြစ်သည်။ထိုကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာများ၏ သေဆုံးမှုနှုန်းမှာ ၅.၀၇ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ထို့အတူ နောက်ပိုင်းတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါလူနာများကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာထိန်းချုပ်နိုင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ)သို့ ဦးစားပေးပို့ဆောင် ကုသသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်းနှင့် (၄) ကုသမှုပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေး ရောဂါ လက္ခဏာများဖြစ်ပွားသည်ဟုထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာကာကွယ်နိုင်မည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.