Connect with us

Education & Health

ရာသီတုပ်ကွေး ရောဂါဖြင့် လူနာ ၇၆ ဦး ရှိပြီး သေဆုံးသူ အရေအတွက် ထပ်မံ တိုးလာခြင်း မရှိဟု ထုတ်ပြန်

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ရာသီတုပ်ကွေး ရောဂါ(Seasonal Influenza A (H1N1) pdm09 positive)လူနာ စုစုပေါင်း ၇၆ ဦးထိ ရှိလာပြီးရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၂ ဦးသာ ရှိပြီး ထပ်မံ တိုးလာခြင်း မရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့သြဂုတ် ၁ ရက် ထုတ်ပြန်မှု အရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်းလူနာ ၂၄၅ ဦး ရှိကြောင်း သိရသည်။

ထို့ကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူများ တွင် သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေး ရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟု ထင်မှတ်ပါ က နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေး ပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ်ဆုံးရှုံးရမှုများမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)