Connect with us

Education & Health

H1N1ဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ)ဆေးရုံကြီး တွင် ဆေးရုံတက်ရောက်ကုသနေသူနှစ်ဦး ကျန်းမာရေး ကောင်းမွန်

ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

H1N1ဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ)ဆေးရုံကြီး တွင် ဆေးရုံတက်ရောက်ကုသနေသူ (၂)ဦး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ယနေ့ သြဂုတ်လ ၁ရက်နေ့၌ နေပြည်တော်တွင် ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောကြားသည်။

လက်ရှိဖြစ်ပွားလျက် ရှိသော ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 ရောဂါသည် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်ခုဖြစ်ပြီး Influenza Virus ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ၂ဝဝ၉ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ လူနေထူထပ်သော နေရာများတွင် နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်၊ နှာခေါင်းကို လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် တစ်ခါသုံးပါးစပ်နှာခေါင်း စည်းများကို အသုံးပြုကြရန်လိုကြောင်း၊ ရောဂါဖြစ်ပွားမှုသံသယရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်၍ ဆေးကုသမှုခံယူကြရန်၊ သက်ဆိုင်ရာဌာနများက ပြည်သူလူထုအတွင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ဒေါက်တာမျိုးအောင်က ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.