Connect with us

Education & Health

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာချက်ထုတ်ပြန်

ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်ပညာဦးစီးဌာန ၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပညာရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာချက် အား ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မှ ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်ထဲတွင် တက္ကသိုလ်ဝင်ခွင့် စာအိတ်များကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှ စတင်၍ မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် ကိုယ်တိုင် ထုတ်ယူနိုင်ကြောင်း၊ ယခင်နှစ်များကဲ့သို့ တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ထံသို့ တိုက်ရိုက် ပေးပို့ လျှောက်ထားရန် မလို (မလို)အပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးက တက္ကသိုလ် (၁၇)ခုသို့ ၉-၈-၂၀၁၇ မှ ၂၅-၈-၂၀၁၇ ရက်အတွင်း စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိ ပေးပို့လျှောက်ထားနိုင်ကြောင်း၊ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၅၃၇၆၇၇ နှင့် ၀၁-၅၂၅၆၁၂ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ၏ ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.