Connect with us

Education & Health

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီ တုပ်ကွေး ရောဂါ လူနာ ၆၂ ဦး ၊ သေဆုံးသူ ၁၂ ဦးရှိနေ

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရာသီတုပ်ကွေး ရောဂါ Seasonal Influenza A (H1N1) pdm09 positive လူနာ စုစုပေါင်း (၆၂) ဦး၊ သေဆုံးသူ (၁၂) ဦးရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၁ ရက်မှ ၃၁ ရက်ထိ လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်းပိုး ဝင်ရောဂါ (Severe Acute Respiratory Infection) ဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်းလူနာ ၂၁၃ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ရာသီ တုပ်ကွေး ရောဂါဖြင့် လူနာ စုစုပေါင်း ၆၂ ဦး ရှိလာခဲ့သည်။အဆိုပါရောဂါဖြစ်ပွားသူလူနာများအနက်သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ထို့ကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Infection) ဆေးရုံတက်ရောက်သူများတွင် သေဆုံးမှုနှုန်းမှာ (၅.၆) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေး ရောဂါလက္ခဏာများဖြစ်ပွားသည် ဟုထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)