Connect with us

Education & Health

ရာသီ တုပ်ကွေး ရောဂါဖြင့် လူနာ ၅၁ ဦး ၊ သေဆုံးသူ ၁၀ ဦးရှိ

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီ တုပ်ကွေး ရောဂါ(Seasonal Influenza A(H1N1) pdm 09)လူနာ ၅၁ ဦး ရှိကာ သေဆုံးသူ ၁၀ ဦး ရှိကြောင်း ယနေ့ ဇူလိုင် ၃၀ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၁ ရက်မှ ၃၀ ရက် အထိ ရရှိသော ရောဂါဖြစ်ပွားမှုအချက်အလက်များအရ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ ၁၈၂ ဦးရှိခဲ့သည့် အနက် ရာသီတုပ်ကွေး ရောဂါ လူနာ ၅၁ ဦးထိ ရှိလာခဲ့ခြင်း ဖြစ်သည်။ထိုကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာများ၏သေဆုံးမှုနှုန်းမှာ ၅.၄၉ ရာခိုင်နှုန်းရှိနေကြောင်း ၊ သေဆုံးမှုနှုန်းမှာ တန်းလျက်ရှိ နေကြောင်း သိရသည်။

ထို့အတူ ယနေ့ ဇူလိုင် ၃၀ ရက် ၊ နေ့လည် ၂ နာရီ အထိ ရရှိသော စာရင်းဇယားများအရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ (၅)ဦး၊ အထူးကု ဆေးရုံ (ဝေဘာဂီ) ၌ (၃)ဦး နှင့် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်၌ (၁)ဦး Seasonal Influenza A(H1N1) pdm 09 အတည်ပြု အတွင်းလူနာ အဖြစ် တက်ရောက်လျက်ရှိကြောင်း သိရသည်။ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေး ရောဂါလက္ခဏာများဖြစ်ပွားသည်ဟုထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117