Connect with us

Education & Health

သာမန် အခန်းအပူချိန်တွင် ထိန်းသိမ်းထားနိုင်သော မြွေဆိပ်ဖြေဆေး အေးခဲခြောက်များကို ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးမည်

မြန်မာ့ ဆေးဝါး လုပ်ငန်းဆေးဝါး စက်ရုံ (အင်းစိန်)BPI ၌ မြွေဆိပ်ဖြေဆေးထုတ်လုပ်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး နှစ်တွင် ကျေးလက်ဒေသများ၌ သာမန် အခန်းအပူချိန်တွင် ထိန်းသိမ်းထားနိုင် သည့် မြွေဆိပ်ဖြေဆေး အေးခဲခြောက် (Freeze Dried) များကို ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)BPI သည် မြွေဆိပ်ဖြေဆေးများကို နိုင်ငံတော်၏ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် ပေးလျက်ရှိသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)BPI ရှိ မြွေဆိပ်ဖြေဆေးစက်ရုံမှ မြွေဆိပ် ဖြေဆေးထုတ်လုပ်နေမှုနှင့် သြစတြေးလျ နိုင်ငံDFAT GPFD Project ၏ အထောက်အပံ့ဖြင့် ဝယ်ယူခဲ့သော မြွေဆိပ်ဖြေဆေး အေးခဲခြောက်(Freeze Dried) ပြုလုပ်သည့် စက်များဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံတောင်ပိုင်း အစိုးရ အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ အသေးစား စီးပွားရေးလုပ်ငန်းများ၊ ကာကွယ်ရေးပစ္စည်းစက်ရုံများနှင့် စစ်မှု ထမ်းဟောင်းများရေးရာဝန်ကြီး Mr. Martin Hamilton Smith နှင့်အဖွဲ့ သည် ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာ့ ဆေးဝါး လုပ်ငန်းဆေးဝါး စက်ရုံ (အင်းစိန်)BPI ၌ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို လာရောက်လေ့လာခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.