ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ မှ စတင်ကျင်းပလျက်ရှိပြီး စာစစ်ဌာန(၁၅၉၄)ခုတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၇)သိန်း ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆယ်တန်း စာမေးပွဲကြီးကို ကျောင်းသား၊ကျောင်းသူများ ယနေ့ စတင်ဖြေဆိုနေကြပြီဖြစ်ပြီး၊ စာမေးပွဲအား စိတ်အေးအေးထားဖြေဆိုကြရန်၊ ၁၀ တန်းစာမေးပွဲသည် ဘဝကို ပြောင်းလဲစေမည့် တစ်ခုတည်းသော အဆုံးအဖြတ် မဟုတ်ကြောင်း မော်လမြိုင်တက္ကသိုလ် မှ စိတ်ပညာပါမောက္ခ ဒေါက်တာအောင်မြတ်ကျော်စိန်က ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် မွေးရာပါ နှလုံးအဆို့ရှင်မလုံခြင်း နှင့် ဆိုင်သောသွေးကြောမကြီး ကြီးနေခြင်းအတွက် ၂၀၁၇ ခုနှစ် မတ်လ ၅ ရက် နံနက် ၇ နာရီ မှ စတင်၍ ရန်ကင်းကလေးဆေးရုံကြီး နှလုံးသွေးကြော...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ငါးနှစ်တာ ဆောင်ရွက်မည့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းကို အောင်မြင်ရေးအတွက် ထိုစီမံကိန်းကို အကောင်အထည်ဖော်ကြသူ အားလုံးက မိမိတို့ကိုယ်တိုင် သင်ယူစရာ အများကြီး ရှိသေးသည် ဟူသည့် စိတ်ဓာတ်ကို မွေးမြူရန်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ရေးသားပို့ချသည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိကောင်းစရာများအား Mobile Device (မိုဘိုင်းဒီဘိုက်) များဖြင့် ဖတ်ရှုနိုင်စေရန် စာမျက်နှာများအား ချိန်ညှိပေးထားကြောင်း...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ၅ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ကျောင်းပညာရေးသာမက ကျောင်းပြင်ပရောက် ကလေးများနှင့် စာမတတ်သူများ၏ပညာရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ အဓိကဆေးရုံကြီး ခြောက်ခု၌ ဆေးရုံလုပ်ငန်း တာဝန်များနှင့် ဆေးရုံတက်လူနာ များ၏ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် စိတ်ကျေနပ်မှု အခြေအနေများနှင့် ပတ်သက်၍ သုတေသီပညာရှင် ၆ဝ ဦးက လေ့လာမှု သုတေသနစစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များအား ဈေးများ၊ မုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာတွင် အစားအသောက် ၁၁ မျိုးသည် အစားအသောက်များ၌ အဏုဇီဝ သတ်မှတ်ချက် နှင့် ကိုက်ညီမှုမရှိခြင်း၊ ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးသတင်းပို့စနစ် တစ်ခုကို တည်ထောင်ကာ စဉ်ဆက်မပြတ် အချက်အလက်များ ဖြည့်ဆည်း၍ ရောဂါများကို စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။