Connect with us

Education & Health

ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုမှ တစ်နှစ်အတွင်း သင်တန်းသား ၆၆၀၀ ကျော် လေ့ကျင့်ပေးနိုင်ခဲ့

ပြည်ထောင်စု ရာထူးဝန်အဖွဲ့  အဖွဲ့ ဝင် ဦးစောဗယ်လင်တိုင်းက တစ်နှစ်တာ ပြုပြင်ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတို့မှ ပုံမှန် သင်တန်းသား ၆၆၀၀ ကျော်တို့ကို အစိုးရ သစ် လက်ထက် တစ်နှစ်တာ အတွင်း လေ့ကျင့်ပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ယနေ့နေ့လယ်ပိုင်းတွင် မီဒီယာသို့ဖြေကြားခဲ့သည်။

“ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) မှ သင်တန်းသား ကျား ၁၄၆၀ ဦး၊ မ ၂၀၁၆ ဦး၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှ သင်တန်းသား ကျား ၁၄၅၄ ဦး၊ မ ၁၇၅၁ဦး၊ အားလုံး သင်တန်းသား စုစုပေါင်း ၆၆၈၁ ဦးတို့ကို ၂၀၁၆ ဧပြီ ၁ ရက်နေ့ကနေ ၂၀၁၇ မတ်လကုန်အတွင်း သင်ကြား လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်” ဟု နေပြည်တော် ပြန်ကြား ရေး ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ တစ်နှစ် အတွင်း ပြုပြင်ဆောင်ရွက်ချက်များ သတင်းစာရှင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ် သည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း ပြန်တမ်းဝင် အရာထမ်းလောင်းများ ရွေးချယ်ပေးခဲ့မှုနှင့် ပတ်သက်၍လည်း ဦးစောဗယ်လင်တိုင်းက “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအတွက် ၂၀၆၆ နေရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန အပါအဝင် ဝန်ကြီးဌာန လေးခုအတွက် ၁၁၂ နေရာ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွက် နေရာ ၅၀၊ သာသနာရေးနဲ့ ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၃ ခုတို့အတွက် ၂၅၈ နေရာ — စုစုပေါင်း ၂၄၈၆ နေရာအတွက် ပြန်တမ်းဝင် အရာထမ်းလောင်းတွေ ရွေးချယ် ပေးခဲ့ ပါတယ်” ဟု ပြောခဲ့သည်။

ထို့အတူ ပြန်တမ်းဝင် အရာရှိအဆင့်သို့ ရာထူး တိုးပေးခဲ့သည့် ဦးရေမှာ ရှစ်ထောင်ခန့်ရှိပြီး ဝန်ကြီးဌာနများက အဆိုပြုချက် တင်သွင်း လာသည့် သတ်မှတ် လုပ်သက်ပြည့် အဆိုပြုချက် ၃၇၄ ခုအတွက် ၇၈၃၀ ဦး၊ သတ်မှတ် လုပ်သက် လျှော့ပေါ့ အဆိုပြုချက် ၁၂ ခုအတွက် ၈၂ ဦး၊ သတ်မှတ် ပညာအရည်အချင်း လျှော့ပေါ့ အဆိုပြုချက် ရှစ်ခုအတွက် ၁၁ ဦး၊ စုစုပေါင်း – ၇၉၂၃ ဦးတို့ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်းဦးရေ ကိုးသိန်းကျော် ခန့် ရှိ ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

ထို့အပြင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအား ပြန်လည် သုံးသပ်ခြင်း (Civil service Regulations and Procedural Review) ကို UNDP နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ Public Service Motivation အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အာဆီယံ နိုင်ငံ့ဝန်ထမ်း ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (ACCSM _ ASEAN Cooperation onn Civil Service Matters) ၏ work plan (2016 – 2020) အောက်ရှိ activity တစ်ခု အနေ ဖြင့် ကျင်းပရန် လျာထားပြီး ACCSM အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား ဖိတ်ကြား ဆောင်ရွက်သွားရန် ညှိနှိုင်း စီစဉ်ထားပါကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.