Connect with us

Education & Health

GTHS များတွင် ကျွမ်းကျင်မှု အခြေပြု ကာလတို သင်တန်းများ တိုးချဲ့ ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန နည်းပညာ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့် အဖွင့် စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အစိုးရ နည်းပညာ အထက်တန်းကျောင်း (Government Technical high School) များတွင် ဒေသတွင်း လုပ်သားဈေးကွက် လိုအပ် ချက်ကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင်မှု အခြေပြု ကာလတို သင်တန်းများ တိုးချဲ ့ ဖွင့်လှစ်လျက်ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန နည်းပညာ၊ အသက် မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က ယနေ့ ပြောကြားခဲ့သည်။

“အစိုးရ နည်းပညာ အထက်တန်းကျောင်းတွေနဲ့ အစိုးရ စက်မှု လက်မှု သိပ္ပံတွေမှာ ပုံမှန် ကာလရှည် သင်တန်းတွေ အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေရဲ့ လုပ်သား ဈေးကွက် လိုအပ်ချက်ကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်မယ့် အခု သင်တန်းလို ကျွမ်းကျင်မှု အခြေပြု ကာလတို သင်တန်းတွေ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါတယ်” ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ ရပ်ကွက်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း နေပြည်တော် ရုံးခွဲနှင့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ် ဝါယာ သွယ်တန်းခြင်း သင်တန်း ဖွင့်လှစ်ပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲ တာဝန်ခံ Mr. Yin Yipeng ကျေးဇူးတင် စကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ကဏ္ဍ တိုးတက်ရေးအတွက် အထူးကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ သက်မွေးပညာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးခြင်းသည် များစွာ အထောက်အကူ ဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲများကလည်း အသက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထူး အားပေးနေကြောင်း၊ ထိုသို့ ဖွံ့ဖြိုး တိုးတက်မှသာ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေပြီး အလုပ်လက်မဲ့ အရေအတွက်ကို လျှော့ချနိုင်မည့် အပြင် နိုင်ငံသားများ တစ်ဦးချင်း ဝင်ငွေ တိုးတက်လာစေမှာ ဖြစ်ကြောင်း၊ နည်းပညာ၊ အသက်မွေး ပညာနှင့် လေ့ကျင့်ရေး ကဏ္ဍသည် နိုင်ငံသူ နိုင်ငံသားတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံ့ စီးပွား တိုးတက်ရေးအတွက် အဓိက အရေးပါနေကြောင်းလည်း ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

ယနေ့ ဖွင့်လှစ်သည့် နှစ်လတာ သင်ယူရမည့် အိမ်တွင်း လျှပ်စစ် ဝါယာ သွယ်တန်းခြင်း သင်တန်းအား ပူးပေါင်း စီစဉ်ပေးသည့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲ တာဝန်ခံ Mr. Yin Yipeng က “ဒီနေ့ ဖွင့်လှစ်တဲ့ သင်တန်းဟာ တက်ဟုန်း ပြည်နယ်ခွဲနဲ့မြန်မာနိုင်ငံ နည်းပညာ၊ အသက်မွေး ပညာနဲ့ လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ရေးအတွက် စမ်းသပ်လုပ်ကိုင်တဲ့ လုပ်ငန်းကလေး ဖြစ်သလို ဒီ စမ်းသပ်မှုဟာ နှစ်ဘက်လုံး အတွက် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများ ရရှိလာကာ ပိုမို များပြားတဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ကိုင်သွားဖို့ရည်မှန်းထားပါတယ်” ဟု ၎င်း၏ ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး နေပြည်တော် ရုံးခွဲကို တရုတ်- မြန်မာ နှစ်နိုင်ငံ အစိုးရများ အကြား၊ ပြည်သူများ အကြား ချစ်ကြည်မှု ပိုမို ခိုင်မြဲလာစေဖို့၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဖလှယ်မှုများ ပိုမို တိုးတက်လာစေဖို့၊ အတူတကွ တိုးတက် အောင်မြင်လာစေဖို့ဟူသည့် ရည်ရွယ်ချက်များဖြင့် လာရောက်ဖွင့်လှစ်ထားခြင်း ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်မှု ကွန်ရက် ချောမွေ့စေရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ကြိုးပမ်းသွားမည်ဖြစ် ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117