Connect with us

Education & Health

ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်

ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသော အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဦးဆောင် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သူနာပြုတက္ကသိုလ် (ရန်ကုန်)တွင် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပသည့် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက သင်တန်းကျောင်း များ၏ အရည်အသွေး စံချိန်စံညွှန်း ဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့် တင်ပြခြင်း အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကျောင်းများတွင် သူနာပြုနှင့် သားဖွားဆရာမများ စွမ်းရည်နှင့် အရည်အသွေး ပြည့်ဝရေးကို အလေးထား ဆောင်ရွက်သွားကြရန် နှင့် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ် အဆင့်လိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ နိုင်ငံတကာမှ ပညာရှင်များ လာရောက် သင်ကြားရေး၊ ဝန်ကြီးဌာနမှ ပညာရှင်များ လာရောက် သင်ကြားပို့ချပေးရေး၊ လက်တွေ့သင်ကြားမှုများကို ဝန်ကြီးဌာနမှ ဆေးရုံများအတွက် သင်ကြားခွင့်ပြုရေးနှင့် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.