Education & Health
သုံးစွဲရန်မသင့်သည့် အလှကုန် ၆မျိုးကြေညာ

ရန်ကုန်၊ သြဂုတ်၃ ရက် (ဆင်ဟွာ)
အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန် ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၆)မျိုးအား ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်သုံးစွဲရန် မသင့်လျော်ပါကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်သည်။
၎င်းအလှကုန် ၆မျိုးမှာ Jiaoli Miraculous Cream; 1, 2/ Harbin Gelidai Jiabao Cosmetics Co., Ltd.,Nanyuan /Mercury (+)၊ Kone’ Facial Cream–WhiteningCream (4g)/ Kone Natural Herb Co., Ltd., Thailand/ Mercury (+) ၊Kim Whitening Pearl With Collagen Cream /
Mercury (+) ၊Kim Whitening Pearl and Snow Lotus Cream Mercury (+) ၊ S’Zitang 7-Day Specific Whitening Anti-Speckle Cream/ Mercury (+) ၊Shichade’Japanese Rich Herb 3 in 1 Excellent Care/ Made in Japan Mercury (+) တို့ ဖြစ်ကြောင်း ကြော်ငြာချက်ထဲတွင် ပါရှိသည်။
အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထု သုံးစွဲခြင်း မပြုကြရန်နှင့် ပြည်တွင်း ဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာပုဒ်မ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟူ၍ ပါရှိသည်။ (Xinhua)