Environment, Disasters & Accidents
ကမ်းနီးပင်လယ်ကမ်းရိုးတန်းလေးခုတွင် ငါးသယံဇာတထိန်းသိမ်းရေးဆောင်ရွက်မည်
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ကမ်းနီးပင်လယ်ကမ်းရိုးတန်းလေးခုတွင် ကနဦးစီမံချက်များ ချမှတ်ကာ ငါးသယံဇာတပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မာန်အောင်ကျွန်း၊ မွန်ပြည်နယ်တွင် ဗိုင်းလောင်းနှင့် ဆုတ်ကလိ၊ တနင်္သာရီတိုင်းဒေသကြီးတွင် တဘို့ဆိပ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငရုတ်ကောင်းကမ်းခြေစသဖြင့် ကမ်းနီးပင်လယ်ကမ်းရိုးတန်းများတွင် ပိုင်းလော့ပရောဂျက်များ (ကနဦးစီမံကိန်းများ) ချမှတ်ကာ ငါးသယံဇာတ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၁၉၇၉ ခုနှစ်က နိုင်ငံတကာအကူအညီဖြင့် ပြုလုပ်ထားသော ငါးသယံဇာတသုတေသနစစ်တမ်းကို အခြေခံ၍ ၂ဝ၁၃ ခုနှစ်က နော်ဝေနိုင်ငံအကူအညီဖြင့် ပြုလုပ်သော ငါးသယံဇာတစစ်တမ်းတွင် မြန်မာနိုင်ငံ၌ ရေပေါ်လွှာငါး ၉ဝ ရာခိုင်နှုန်းကုန်ဆုံးသွားပြီဖြစ်သော ကြောင့် ယခင်က ငါးသယံဇာတတန်ချိန် တစ်သန်းရှိရာမှ ယခုတွင် တန်ချိန် တစ်သိန်းသာကျန်ရှိတော့ကြောင်း၊ ရေအောက်ကြမ်းပြင် ငါးသယံဇာတမှာလည်း ၇၅ ရာခိုင် နှုန်း ကုန်သွားပြီဖြစ်သောကြောင့် ယခင်က တန်ချိန် ရှစ်သိန်းကျန်ရှိရာမှ ယခုတွင် တန်ချိန် နှစ်သိန်းသာ ကျန်ရှိတော့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)