Connect with us

Environment, Disasters & Accidents

ကရင် ပြည်နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၃၅၀ ကျောင်း ပိတ်ထားရ

ကရင် ပြည်နယ် အတွင်း ရေဘေးလွတ်ရာ ကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွှေ့ နေထိုင်ကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ကရင် ပြည်နယ် အတွင်း ရေကြီးရေလျှံမှုများကြောင့် မြို့နယ် ၆ မြို့နယ် စာသင်ကျောင်း စုစုပေါင်း ၃၅၀ ကျောင်း ပိတ်ထားရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုပိတ်ထားရသည့် စာသင်ကျောင်းများမှာ ဘားအံ မြို့နယ်တွင် အခြေခံ ပညာ ကျောင်းပေါင်း ၁၇၁ ကျောင်း ၊ လှိုင်းဘွဲ မြို့နယ်တွင် ၇၄ ကျောင်း ၊ ကော့ကရိတ် မြို့နယ်တွင် ၃၄ ကျောင်း ၊ မြဝတီ မြို့နယ်တွင် ၁ ကျောင်း ၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ၂၄ ကျောင်း ၊ ဖာပွန် မြို့နယ်တွင် ၄၆ ကျောင်း တို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ် တစ်ခုလုံးအနေဖြင့် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန် မြို့နယ် များတွင် အိမ်ထောင်စု ၃၉၀၃ စု၊ လူဦးရေ စုစုပေါင်း ၁၉၃၄၂ ဦး ရေဘေးလွတ်ရာ ကယ်ဆယ် ရေးစခန်း ၆၀ ခု သို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း သိရသည်။

ထို့ပြင် မိုးစပါး၊ ပြောင်း၊ မိုးမြေပဲသီးနှံများ စိုက်ဧက အချို့ ရေလွှမ်းလျက် ရှိပြီး ၁၄၈၇ ဧက ထိခိုက်ကာ ၁၂၄၂ ဧက ပျက်စီးခဲ့ကြောင်း ၊ စိုက်ပျိုးသီးနှံရေလွှမ်းမှု၊ ထိခိုက်ပျက်စီးမှု အခြေအနေများအား သက်ဆိုင်ရာ ဌာနများမှ တောင်သူများနှင့်အတူ အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း ၊ ကျေးရွာချင်းဆက်လမ်းများနှင့် ပြည်နယ် အတွင်းရှိ အဓိက ဆက်သွယ်ရေး လမ်းများတွင် ရေကျော်လျှက်ရှိပြီး လမ်း၊ တံတား ထိခိုက် ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၊ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လမ်းဦးစီး ဌာန၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.