Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ အနက် (၆၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၎င်းငလျင်သည် မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၃)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)