Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အတွင်း ယာဉ်တိမ်းမှောက်ကာ ၁ ဦး သေဆုံး

ရခိုင်ရိုးမတောင်ခြေရှိ ကုန်းအတက်၌ တိမ်းမှောက်သွားခဲ့သည့် ၆ ဘီးယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အတွင်း သစ်များ တင်ဆောင်လာသော ၆ ဘီးယာဉ် တစ်စီးသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်ကုတ်မြို့နယ် ၊ ညောင်ဖောက်ကျေးရွာအနီး ရခိုင်ရိုးမတောင်ခြေရှိ ကုန်းအတက်၌ ဇန်နဝါရီ ၃၀ ရက်တွင် သစ် ၄ တန် တင်ဆောင် လာသော ၆ ဘီးယာဉ်သည် နောက်ပြန် လိမ့်ကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၅ ဦး အနက် ထိုကဲ့သို့သေဆုံး ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် ၆ ဘီးယာဉ် မောင်းနှင်သူကို တောင်ကုတ် မြို့မရဲစခန်းယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားပြီး ယာဉ်ပေါ်ပါသစ်များနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှ သစ်တောဥပဒေအရ အရေးယူရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)