Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၃)မိုင် ခန့်အကွာတွင် အင်အား အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၃)မိုင် ခန့်အကွာတွင် အင်အား အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။ 

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၁၅)မိနစ်၊ (၄၃) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၄)မိုင် ခန့်ကွာဝေးသော  (မြောက်လတ္တီတွဒ် (၂၃.၁၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၆)ဒီဂရီ၊ အနက် (၅၁) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)