Connect with us

Environment, Disasters & Accidents

ဆွာချောင်းရေတမံ ရေထိန်းကျိုးပဲ့မှုကြောင့် လူပေါင်း သောင်းချီ ယာယီပြောင်းရွေ့


ဆွာမြို့၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံရေထိန်းနေရာ ကျိုးပေါက်ခဲ့ပြီး ရွာ(၂၀)ကျော် ရေနစ်မြုပ်မှုကြောင့် လူပေါင်း သောင်းချီ ယာယီပြောင်းရွှေ့ထားရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရေပိုလွှဲမှ ရေစီးရေကျော် အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျမှုဖြစ်ပွားခဲ့ပြီး အနီးရှိ ကျေးရွာများ ရေကြီးမှုဖြစ်ပေါ်လာ၍ အရေးပေါ် ရွှေ့ပြောင်းကယ်ဆယ်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“သစ်ပင်ပေါ် ရောက်နေသူတွေ၊ ရထားလမ်းပေါ်ရောက်နေသူတွေကို ပထမဦးစားပေး ကယ်ပါတယ်၊ ရွာတော်တော်များများက ကုန်းမြေတွေမှာ ရှိနေကြတယ်၊ ရှိနေကြတော့ ရွာက လူတွေဆိုတာထက် လယ်တဲတွေဘာတွေမှာ အိပ်နေသူတွေ၊ ရေလာတော့ မလွတ်လို့ သစ်ပင်ပေါ်တက်နေသူတွေ လုပ်ငန်းခွင်ထဲ ကွင်းပြင်ထဲရောက်နေသူတွေ၊ ရထားလမ်းပေါ် တက်နေသူတွေ… အဲဒီလူကို ဦးစားပေးပြီး ကယ်နေပါတယ်” မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက ပြောသည်။

လက်ရှိ ရေကြီးမှုကြောင့် လယ်တောထဲ၌ အိပ်နေသည့် အမျိုးသားသုံးဦး ရေထဲ မြောပါသွားပြီး ပျောက်ဆုံးနေကြောင်း၊ ဆွာချောင်းအနီးရှိ ကျေးရွာအုပ်စု ၁၄ အုပ်စု (ရွာပေါင်း ၂၇ ရွာ) ရေနစ်မြုပ်နေကြောင်း ၎င်းကဆိုသည်။

ဆွာချောင်းရေတမံ ရေထိန်းကျိုးပဲ့ပြီး ရေကြီးနေမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဆင်ဟွာ)

ယင်း ရေကြီးမှုကို စက်လှေများဖြင့် ကယ်ဆယ်ရာတွင် ရွာအပြင်ရှိ ရွာသားများ၊ ကိုယ်ဝန်ဆောင်မိခင်၊ နာမကျန်းသူများ စသည့် ဦးစားပေး ကယ်ဆယ်ထားသူ ၈၀ ဦးကျော် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ၊ ရန်ကုန်-နေပြည်တော်လမ်း အပိုင်း မိုင်တိုင်အမှတ် (၁၆၅/၄) နှင့် (၁၆၆/ဝ) ကြား(၄) ဖါလုံခန့်တွင် ဆွာချောင်းရေလှောင်တမံ ဘက်မှစီးဆင်းလာသော ရေများကြောင့် လမ်းပေါ် ရေ (၂) ပေခန့်ရေကျော်မှုဖြစ်ပေါ်ပြီး ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင် RP 1 သည် တစ်ပေခွဲခန့်နိမ့်ကျသွားခဲ့ခြင်းကြောင့် နံနက်ပိုင်းတွင် ကားလမ်းပိတ်ထားခဲ့ရသော်လည်း လက်ရှိ ယာဉ်ငယ်များ ကို ဖြတ်သန်းခွင့်ပြုနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ မနက်ကထက် ရေကျသွားပြီး ဆွာဘက်ကို ရေတွေ ဆင်းသွားပါပြီ၊ဒီဘက်မှာ (အမြန် လမ်း တံတားရဲ့ ရန်ကုန်မှ နေပြည်တော် အတက်လမ်းဘက်မှာ) တိုင်နှစ်တိုင် နိမ့်သွာတဲ့ဟာ ရှိပါတယ်၊ အဲဒါကိုတော့ အပေါ်ကနေ ပေ ၄၀၀ Double Single ဘေလီ တံတားကို ၂၄နာရီအတွင်း အပြီးထိုးပါ့ မယ်။ ဟိုဘက်ရော ဒီဘက်ရောကို Traffic ကို ပုံမှန်ဖြစ်အောင် ချက်ချင်း ဆောင်ရွက်ပါ့မယ်” ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းကပြောကြားသည်။

မြစ်ရေသည် အစောပိုင်းကထက် အနည်းငယ်ကျသွားသော်လည်း နိမ့်ကျသွားသောတံတားအတွက် ပြင်ဆင်မှုများဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.