Connect with us

Environment, Disasters & Accidents

နေပြည်တော်၌ ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် လူ ၂၇ ဦးဒဏ်ရာရရှိ

အမြန်လမ်းမကြီးတွင် ဖြစ်ပေါ်ခဲ့သော ယာဉ်တိုက်မှုအားတွေ့ရစဉ်(အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုးရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မကွေး-ကံပြားလမ်း မိုင်တိုင်(၁၁/၄)၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြောက်ဥက္ကလာပ မြို့နယ်နေသူ မောင်းနှင်လာသည့် 9D/×××× ဟွန်ဒိုင်း Express ချမ်းမြေ့ကျော် ဘုရားဖူးယာဉ်သည် ကုန်းအတက်တွင် ဂီယာချိန်းရာမှ နောက်ပြန်လိမ့်ကျပြီး လမ်းဝဲဘက်ရှိ အနက် ၁၀ ပေခန့် ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ လူ ၅၀ ဦးအနက် လူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုအား အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.