Environment, Disasters & Accidents
မွန်ပြည်နယ်တွင် တစ်ရက်အတွင်း မီးနှစ်ကြိမ် လောင်ကျွမ်း
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မွန်ပြည်နယ်ရှိ ရေးမြို့နှင့် သထုံမြို့တို့တွင် ယနေ့တစ်ရက်အတွင်း မီးနှစ်ကြိမ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ အလယ်ရွာတွင် ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က အိမ်သုံးမီးအားမြှင့်စက် အပူလွန်ကဲပြီး နေအိမ်တစ်လုံးအား မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေးမြို့နယ်၊ ခေါဇာမြို့ ကော့လှိုင်ကျေးရွာ အကွက်(၈) ဦးရွှေကဲ နေအိမ်မှ ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က မီးကြွင်းမီးကျန်ကြောင့် မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးရွှေကဲပိုင်ဆိုင်သော နေအိမ် အပါအဝင် နေအိမ် (၆)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်သွားသော အိမ်ထောင်စု (၆)စု လူဦးရေ (၂၇)ဦးအား ခေါဇာမြို့ ကော့လှိုင်ကျေးရွာဘုန်းကြီးကျောင်းတွင် နေရာချထား ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)