Environment, Disasters & Accidents
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့်ကျိုက်လတ်လမ်းထောင့် မီးလောင်မှုဖြစ်စဉ် ၌ လူ ၃ ဦး သေဆုံး ခဲ့ပြီး လူ ၂ဦး ဒဏ်ရာရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့်ကျိုက်လတ်လမ်းထောင့် မီးလောင်မှုဖြစ်စဉ် ၌ လူ ၃ ဦး သေဆုံး ခဲ့ပြီး လူ ၂ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက် ၁၀း၃၅ နာရီ တွင် ဆင်ဟွာကို ပြောသည်။
၎င်းမီးသည် ဇန်နဝါရီလ ၂၃ ရက် နံနက် ၀၅း၃၉နာရီ တွင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ၀၅း၄၃ နာရီ တွင် level2 ယာဉ်အုပ်စုများထွက်ခွာခဲ့ပြီး၊ ၀၅း၅၈ နာရီ တွင် မီးထိန်းနိုင်ကာ ၀၆း၀၁ နာရီ တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတာဝန်ရှိသူက “ဒီမီးလောင်မှုဖြစ်စဉ်မှာ ၂ထပ်ပျဉ်ထောင်အိမ်တစ်လုံး နဲ့ ပျဉ်ထောင်အိမ်နဲ့ ကပ်ရက် ဟောင်ကောင် ၃ထပ် တိုက်ရဲ့ညာဘက်ခြမ်း မီးလောင်ကျွမ်းသွားပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်း နဲ့ ဆုံးရှုံးမှုတန်ဖိုးက စုံစမ်းဆဲပါ’’ ဟုပြောသည်။ (Xinhua)