Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် နှစ်ပါတ်အတွင်း ယာဉ်မတော်တဆမှု (၂၂) ခု ဖြစ်ပွား

အမြန်လမ်းမကြီးတွင် စိုက်ထူထားသည့် အရှိန်နှုန်းသတ်မှတ်ချက်ပြလမ်းညွှန်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

သေဆုံးသူ ပေါင်း(၂၁)ဦးတွင် အမျိုးသား (၁၂)ဦး အမျိုးသမီး(၉) ရှိကြောင်း ၊၎င်းယာဉ်မတော်တဆမှုများတွင် ဒဏ်ရာရသူ (၆၁)ဦး ရှိပြီး အမျိုးသား (၂၆)ဦး နှင့် အမျိုးသမီး (၃၅)ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

ယာဉ်မတော်တဆမှုများတွင် အရှိန်ပြင်း(၄)မှု၊ အိပ်ငိုက်(၁) မှု၊ မဆင်မခြင်မောင်း(၄) မှု၊

ဘီးပေါက်(၅)မှု၊ စက်ချို့ယွင်း(၁)မှု၊ဆိုင်ကယ်(၇)မှု ရှိကြောင်း သိရသည်။

ကြံံ့ခိုင်သောယာဉ် ကို ကျွမ်းကျင် ကျန်းမာသော ယာဉ်မောင်း မှ သတ်မှတ် အရှိန်နှုန်းအတိုင်း မောင်းနှင်ကြခြင်းဖြင့်ပြည်သူများမှ ပူးပေါင်းပါဝင် ကြစေလိုကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.