Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိုက်မိမှု ဖြစ်ပွားကာ ၁ ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိုက်မိမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၆/၇)နှင့် (၁၉၇/ဝ)ကြား တွင် ဒီဇင်ဘာ ၂၀ ရက်တွင် ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၆/၇)နှင့် (၁၉၇/ဝ)ကြားတွင် Honda Fit ခဲရောင်ယာဉ်အား လားရာတူ နောက်မှ ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်သည့် ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိကာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် Honda Fit ခဲရောင်ယာဉ် မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော ၁ ဦးမှာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်း(စိစစ်ဆဲ)အား ပလွေးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၂၈/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.