Connect with us

Environment, Disasters & Accidents

လှည်းကူးမြို့နယ်တွင် ခရီးသည် ၂၀ဦး လိုက်ပါလာသောယာဉ် တိမ်းမှောက်

ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၁၆/၆-၇)ကြား၌ မေ ၂၈ ရက်နေ့ နံနက်တွင် ခရီးသည် ၂၀ ဦးလိုက်ပါစီးနင်း လာသည့် ရွှေမန္တလာ Express ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ် ရောက်ရှိတိမ်းမှောက်ခဲ့သဖြင့် အမျိုးသား ၃ ဦးတွင် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ယင်း ခရီးသည်တင်ယာဉ်အား မောင်နှင်လာသော ယာဉ်မောင်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ (ယာဉ်မဆင်မခြင် မောင်းနှင်မှု/ ပေါ့လျော့မှုကြောင့်သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.