Environment, Disasters & Accidents
ဟုမ္မလင်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ အင်အား ၄.၃ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “ ငလျင်လှုပ်ခဲ့တာက ဇူလိုင်လ ၂၁ ရက် ညဉ့် ၂၃း၀၄ နာရီ မှာလှုပ်ခဲ့တာပါ။ ဒီငလျင်နဲ့ပတ်သက်ပြီး ခံစားမိတဲ့ သူသိပ်မရှိခဲ့ပါဘူး’’ ဟုဆင်ဟွာကို ယနေ့ပြောကြားသည်။ (Xinhua)