Environment, Disasters & Accidents
ဧရာဝတီမြစ်ကမ်းပါးများပြိုကျမှုကြောင့် အဖျောက်မြို့ အေးရွာကျေးရွာတွင် အိမ်ခြေ ၁၇ လုံး အိမ်အလုံးလိုက်ပြောင်းရွှေ့
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ကမ်းပါးများပြိုကျမှုကြောင့် အဖျောက်မြို့ အေးရွာကျေးရွာတွင် အိမ်ခြေ ၁၇ လုံး အိမ်အလုံးလိုက်ပြောင်းရွှေ့ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် သိရသည်။
အေးရွာကျေးရွာ တွင် သြဂုတ် ၅ ရက်နေ့ ၌ အိမ်ခြေ ၅ လုံး၊ သြဂုတ်လ ၇ ရက် တွင် အိမ် ၁၂ လုံး စုစုပေါင်း ၁၇ လုံးထိ အလုံးလိုက် ပြောင်းရွှေ့ရပြီး လူဦးရေ ၆ဝ ကျော် နီးစပ်ရာ ညီအစ်ကို မောင်နှမများနေအိမ်ဝိုင်းနှင့် ရေကာ တာပေါင်ပေါ်များတွင် ယာယီတဲများဖြင့် နေထိုင်ရကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာတွင် ဇူလိုင် ၁၅ ရက်ကစပြီး ဧရာဝတီ မြစ်ရေ မြင့်တက်ပြီးနောက် ရေပြန်ကျ ချိန်တွင် မြစ်ကမ်းပါးများ ဆက်တိုက် ပြိုကျ၍ နေအိမ် ၁၃ လုံး အရေးပေါ် ပြောင်းရွှေ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေအိမ်များနှင့်မြစ်ကမ်းပါးအကွာပေ ၃ဝ ခန့်သာရှိတော့ကြောင်း၊ မြေ သားများ အက်ကြောင်းများ ဖြစ်ပေါ်နေ ၍ မြစ်ကမ်းခိုင်မှုမရှိတော့ကြောင်း၊ အချိန်မရွေး ဆက်ပြိုနိုင်ကြောင်း၊ ပန်းတုန်းပိတ်ကျေးရွာနှင့် အေးရွာ ကျေးရွာတို့သည် ၂ဝ၁၅ ခုနှစ်ကစ၍ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးများ ဆက်တိုက်ပြိုကျခဲ့ရာ အေးရွာကျေးရွာ တွင် အိမ်ထောင်စု ၅ဝ နှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ပြောင်းရွှေ့ရပြီး ပန်းတုန်းပိတ်ကျေးရွာတွင် အိမ်ထောင်စု ၇ဝ ကျော်တို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)