Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေကြီးမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိလူဦးရေ ( ၄၃၆၅)ဦး ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်

တံတားဦးမြို့ နယ် ရှိမြစ်ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေကြီးမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၇)အုပ်စု အိမ်ထောင်စု ပေါင်း(၁၁၁၈)စု လူဦးရေပေါင်း( ၄၃၆၅)ဦး၊တိရစ္ဆာန်ပေါင်း(၁၂၅၁)ကောင်တို့အား ရေလွတ်ရာကုန်းမြင့်များဖြစ်သည့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များ၊ စေတီပုထိုးများ ၊ဘုန်းတော်ကြီး များသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါရပ်ကွက်/ကျေးရွာအုပ်စုများမှာ ငါးရာပြားကျေးရွာ၊ ဥတည်ကျေးရွာ၊ ဘလဲ့ဘကျေးရွာ၊ လက်ပန် ဇင်ကျေးရွာ၊ ဈေးချိုကျေးရွာ၊ ထောက်ရစ်ကျေးရွာ၊ ဇီးပင်ကွေ့ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ လက်ဆောင်ယူကျေးရွာ၊ တပယ် ကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးတိုက်ကျေးရွာ၊ မြေငူကျေးရွာ၊ ခေါင်းကွဲ ကျေးရွာ ၊ ပန်းယျကျေးရွာ၊ ကူတိုးဆိပ် ကျေးရွာ၊ အမှတ်(၂) ရပ်ကွက်တို့ဖြစ်ကြောင်းသိရသည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင်လ(၁၉) ရက်မှ စတင်၍ ဇူလိုင် ၂၂ ရက် အထိ မြစ်ရေမြင့်တက်မှုဖြစ်ပေါ်လျက်ရှိသည်။

မြင့်ရေမြင့်တက်မှုကြောင့် တံတားဦးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ခေတ္တပိတ်ထားရပြီး ရပ်ကွက် /ကျေးရွာ အုပ်စုအတွင်းရှိ လူနေအိမ်များ ရေလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ကြရကြောင်း သိရသည်။ ခေတ္တပိတ်ထား ရသော အခြေခံပညာကျောင်းများအနေဖြင့်ရေကျသည့် အချိန်တွင် ကျောင်းသား/ သူများ၏ ပညာရေး ကို ရှေးရှုသောအားဖြင့် စာသင်ချိန်ကို အစားထိုးပြန်လည်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.