Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကုလားမချောင်ကျေးရွာ မြစ်ကမ်းအနီးရှိ ဓနိမိုး/ကာ၊ ဝါးကြမ်းခင်း နေအိမ် ၇ လုံးအား ဖျက်သိမ်း၍ ကျေးရွာအတွင်းသို့ ပြောင်းရွှေ့ခဲ့ ကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ၀၈း၀၀ နာရီ အချိန် တွင် ထိုကဲ့သို့ဖြစ်ပွားခဲ့ဖြစ်ပြီး၊ အလားတူ ၀၉း၀၀ နာရီမှ ၀၉း၂၅ နာရီအထိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းကျေးရွာ၌ သစ်ပင်လဲကျပိမိ၍ ဓနိမိုး/ကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)