Connect with us

Environment, Disasters & Accidents

မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ရန် မိုးဇလထုတ်ပြန်

မြစ်ရေခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေ နှင့် ရွှေကျင်မြစ်ရေ မြင့်တက်နိုင်သည့် အတွက် မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့အကြံပြုချက်ထုတ်ပြန်သည်။

ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)