Connect with us

Environment, Disasters & Accidents

မြန််မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် အင်အား ၅ ဒသမ ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှုပြဇယားအားတွေ့ရစဉ် (မိုးဇလ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ၊မင်းကင်းမြို့ကို ဗဟိုပြု၍ ယနေ့ (ဇွန် ၂ ရက်) ညနေ (၃)နာရီ၊ (၁၄)မိနစ် အချိန်ခန့်တွင် အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၄) အဆင့်ရှိသော အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့မြောက်ဘက် (၂၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၀၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒဿမ ၈၄)ဒီဂရီ၊ အနက်(၁၅၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၄)အဆင့်ရှိသော အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။

“ခု ညနေလှုပ်ရှားခဲ့တဲ့ အင်အားအသင့်အတင့်ရှိငလျင်ကြောင့် အပျက်အစီးအထိအခိုက် မရှိပါဘူး” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ပြောသည်။ (Xinhua)

#စစ်ကိုင်းတိုင်းဒေသကြီး #မင်းကင်းမြို့ #မြန််မာနိုင်ငံ #ငလျင်လှုပ်ခတ် #အင်အားအသင့်အတင့် #ကန့်ဘလူမြေငလျင်စခန်း

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.