Environment, Disasters & Accidents
ကချင်ပြည်နယ် ဖားကန့်မြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင်ခန့်အကွာ တွင် အင်အား ၃.၈ အဆင့့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖားကန့်မြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင်ခန့်အကွာ) အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် နိုဝင်ဘာလ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၅၅)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်လတ္တီတွဒ် (၂၆.၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၇) ဒီဂရီ တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အဆိုပါငလျင် ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)