Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်မတော်တဆဖြစ်ပြီး ဘယ်ဘက်ခြေထောက်ထိခိုက် ဒဏ်ရာရရှိ

ယာဉ်မတော်တဆမှုကြောင့် ဘားအံပြည်သူ့ဆေးရုံကြီး၌ ရောက်ရှိလာသော ၀န်ကြီးချုပ်အားတွေ့ရစဉ်(ဓာတ်ပုံ- Htein Lin Myo)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၇နာရီခန့်က ဘားအံမြို့၌ ယာဉ်မတော်တဆဖြစ်ပြီး ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက်ပိုင်း၌ ဝန်ကြီးချုပ်သည် တောင်ကလေးဆရာတော်မွေးနေ့ပွဲသို့ သွားရောက်စဉ် ဘားအံမြို့ဂေါက်ကွင်းရှေ့၌ ၎င်းစီးနင်းလာသော ကားကလမ်းချော်ပြီး ယာဉ်မတော်တဆဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် ဘားအံပြည်သူ့ဆေးရုံကြီး၌ ဓာတ်မှန်ရိုက်ဆေးစစ်ဆေးမှုများပြုလုပ်နေကြောင်း ဘားအံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က ပြောကြားသည်။

“ ဝန်ကြီးချုပ်စီးလာတဲ့ကားက မိုးရွာလမ်းချော်ပြီး တိုက်မိတာပါ၊ အရမ်းမစိုးရိမ်ရပါဘူး၊ ခြေထောက်ကျိုးဒဏ်ရာတော့ရတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.