Connect with us

Environment, Disasters & Accidents

ခရီးသည်တင်ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျ တိမ်းမှောက်မှုကြောင့် လူ ၃ဦးသေဆုံး ၂၄ဦး ဒဏ်ရာရ

ချောက်အတွင်း ထိုးကျနေသော ယာဉ်ပေါ်မှ လူများအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်တိုင်အမှတ်(၂၃၆/၃)နှင့် (၂၃၆/၄)အကြားတွင် ခရီးသည်တင်ယာဉ် တစ်စီး အရှိန်လွန်၍ ဝဲဘက် (၁၀၀)ပေ ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုကြောင့် လူ၃ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရခဲ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြင်းခြံမှ မူဆယ်သို့ ထွက်ခွာလာသော ယာဉ်အမျိုးအစား WINNER ခရီးသည်တင်ယာဉ်သည် ယနေ့ နံနက် ၈နာရီ ၁၅ မိနစ်တွင် ချောက်အတွင်း ထိုးကျမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ လူ ၂၇ဦးအနက် ကျား(၂)ဦး၊ မ(၁)ဦး သေဆုံးခဲ့ကြောင်း၊ ဆက်လက်ပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သေဆုံးသူများကို ဆယ်တင်ခြင်း၊ ပိတ်မိနေသူများကို ကယ်ဆယ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ် ချောက်အတွင်း ထိုးကျ တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ကွတ်ခိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.