Environment, Disasters & Accidents
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလ မှ သတိပေးချက်ထုတ်ပြန်သည်။ (Xinhua)