Environment, Disasters & Accidents
ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ် သို့ရောက်ရှိနိုင်

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေ ဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလ မှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)