Environment, Disasters & Accidents
စစ်တွေ-ရန်ကုန် အဝေးပြေး ကားလမ်း ရေကျော်မှုကြောင့် ကုန်တင်ယာဉ် အစီးရေ ၁ဝဝ ကျော် ပိတ်မိ
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် အမ်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်း ရေကျော်မှုကြောင့် လမ်းများပိတ်ဆို့နေပြီး ကုန်တင်ယာဉ် အစီးရေ ၁ဝဝ ကျော် ပိတ်မိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အမ်းမြို့နယ် မဲလမောင်းကျေးရွာနှင့် ရွာသာယာကျေးရွာတို့တွင် တောင်ကျရေများကြောင့် ၄ ပေမှ ၆ ပေအထိ ကား လမ်းပေါ်ရေကျော်သဖြင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် အစီးရေ ၁ဝဝ ကျော် ပိတ်မိနေကြောင်း သိရသည်။
စစ်တွေမြို့မှ ထွက်ခွာလာသော ကားများသည် ဇူလိုင် ၂၃ ရက်နေ့မှ ယနေ့ထိ အမ်းမြို့နယ်တွင် ပိတ်မိနေကြောင်း၊ လမ်းပိုင်းနေရာများရေကျော်နေပြီး လူတစ်ရပ်လောက် မြုပ်နေကြောင်း သိရသည်။
ရန်ကုန်-စစ်တွေကားလမ်း ပြတ်တောက်မှုကြောင့် ယာဉ်လိုင်းအချို့ ရပ်နားထားကြပြီး ရေပြန်ကျမည့် အချိန်ကို စောင့် ဆိုင်းနေရကြောင်း သိရသည်။(Xinhua)