Environment, Disasters & Accidents
စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များအားမိုးဇလထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို ယနေ့ ထုတ်ပြန်သည်။
စစ်တောင်းမြစ်သည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၀၇၀ စင်တီမီတာ သို့ရောက်ရှိနိုင်ကြောင်း၊ ငဝန်မြစ်သည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၁၁၃၀ စင်တီမီတာ၊ သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက်၆၂၀ စင်တီမီတာ၊ ပုသိမ်မြို့တွင် စိုးရိမ်ရေမှတ်သုညမျက်နှာပြင်အထက် ၃၅၀ စင်တီမီသို့ရောက်ရှိနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)