Environment, Disasters & Accidents
ဆင်ပေါင်ဝဲမြို့တွင် အင်အား ၃.၆ အဆင့်ရှိ ငလျင်လှုပ်ရှား

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၆၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၁၈ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ မေလ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၅၄)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ကြောင်းသိရသည်။ (Xinhua)