Connect with us

Environment, Disasters & Accidents

ညောင်လေးပင်မြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက ၁၉၀၀၀ ကျော် ရေနစ်မြုပ်ပြီး စာသင်ကျောင်း ၁၀ ကျောင်း ယာယီ ပိတ်ထား

မိုးစပါး စိုက်ဧကများ ရေနစ်မြုပ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက ၁၉၀၅၁ ဧက ရေနစ်မြုပ်ပြီး စာသင်ကျောင်း ၁၀ ကျောင်း ယာယီ ပိတ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ညောင်လေးပင်မြို့နယ်၌ မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး စစ်တောင်းမြစ်ရေ လျှံခြင်းနှင့် ချောင်းမြောင်းများ ရေလျှံခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၇ အုပ်စုတွင် တောင်သူ ၂၆၅၀ ဦး စိုက်ပျိုးထားသော မိုးစပါးသီးနှံ ဧက ၁၉၀၅၁ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များ ဖြစ်သော ညောင်လေးပင် (အထက-၂) ကျောင်း၊ ထူပါရိပ်ငြိမ် (မူလွန်) ကျောင်း၊ ဆိုင်ကွ (မူလွန်) ကျောင်း၊ ရွှေပေါက်ကံ လ(ခွဲ)ကျောင်း၊ ပိန်းဇလုပ် လ(ခွဲ) ကျောင်း၊ အေဘီအမ်(မူလွန်) ကျောင်း၊ ဥတိုတာတွင်း မ(ခွဲ)ကျောင်း၊ ကျောက်ပုံရွာဟောင်း မ(ခွဲ)ကျောင်း၊ ပလာချောင်းသစ် (အမက) ကျောင်းနှင့်ရေဖြူကန် လ( ခွဲ)ကျောင်းများ ယာယီ ပိတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.