Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး နှင့် ပြည်နယ် ၅ ခုတွင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ဒီရေတောများ ပြန်လည် စိုက်ပျိုး မည့် အစီအစဉ်များ ဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် Worldview International Foundation မှ Secretary General Dr. Arne Fjortoft နှင့် အဖွဲ့တို့ တွေ့ ဆုံစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောများ ပြန်လည် စိုက်ပျိုးမည့် အစီအစဉ်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် Worldview International Foundation မှ Secretary General Dr. Arne Fjortoft နှင့် အဖွဲ့တို့သည် ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ စိုက်ပျိုးရေးနှင့် အစားအစာရေးရာ ဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထား သည့် နားလည်မှုစာချွန်လွှာအရ မျိုးသုဉ်း ပျောက်ကွယ် နိုင်ခြေ ရှိသည့် သစ်ခွမျိုးရိုးဗီဇများကို နော်ဝေနိုင်ငံ Svalbard ကမ္ဘာ့သစ်စေ့ဘဏ်၌ သိုလှောင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ နော်ဝေနိုင်ငံ အထောက်အပံ့ဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် ဒီရေတော များ ပြန်လည်စိုက်ပျိုးမည့် အစီအစဉ် များနှင့် အဆိုပါ ဒီရေတောများကိုReducing Emission from Deforestation and Forest Degradation (REDD+)လုပ်ငန်း စဉ်နှင့် ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.