Environment, Disasters & Accidents
တောင်ကြီးမြို့၌ မီးပုံးပျံပျက်ကျခဲ့၍ လူ(၁၂)ဦး ဒဏ်ရာရှိ
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တောင်ကြီးမြို့၌ တန်ဖိုးကျပ် ၄၀ သိန်း တန်ဖိုးရှိ မီးပုံးပျံအားလွှတ်တင်ခဲ့ရာ မီးပုံးပျံပျက်ကျခဲ့၍ လူ(၁၂)ဦး ဒဏ်ရာရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၄၅ အချိန် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံ ကွင်း၌ အဖွဲ့ခေါင်းဆောင် သော်ဇင်ညီညီ၊ စည်သူဖြိုးအောင်တို့ပါ တွံတီး မီးပုံးပျံအဖွဲ့မှ ယမ်း(၃၇) ပိဿာပါ တန်ဖိုးကျပ် ၄၀ သိန်း တန်ဖိုးရှိ တူးခင်းတီးအမည်ရှိ မီးပုံးပျံ အား လွှတ်တင်ခဲ့ရာ VIP ဆောင်ရှေ့ ပျက်ကျလောင်ကျွမ်းခဲ့ရာ့ မအေးအေးသိန်း၊ (၄၃)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ထမင်းဆိုင်ရောင်း၊ (ဘ)ဦးသိန်း၊ စိန်ပန်းရပ်ကွက်၊ တောင်ကြီးမြို့နေသူ ပါ(၄)ဦး(ကျား ၁၊မ ၃)တွင် မီးလောင်ဒဏ်ရာများ (စိုးရိမ်ရ) နှင့် တစ်ရပ်တည်းနေ မောင်ထူးခန့်လင်း၊ (၇)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဝင်းဦးပါ(၄)ဦး(ကျား ၁၊ မ ၃) တို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် စဝ်စံထွန်းဆေးရုံသို့ လည်းကောင်း၊ မဇင်မာဝင်း၊ (၂၅)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ပညာရေးဝန်ထမ်း၊ (ဘ)ဦးတင်ဝင်း၊ အေးသာယာမြို့၊ တောင်ကြီးမြို့နယ်နေသူ ပါ(၄)ဦး(ကျား ၂၊ မ ၂)တို့တွင် ပေါက်ပြဲပွန်းပဲ့၊ယမ်းထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မီးပုံးပျံကွင်းရှိကျန်းမာရေး ဆေးပေးခန်းတွင် လည်းကောင်း ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)