Environment, Disasters & Accidents
တောင်ငူ လေတပ်စခန်းမှ လေယာဉ်ပျက်ကျရာ လေယာဉ်မှူး သေဆုံး
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ယနေ့ နံနက်ပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေယာဉ်တစ်စီးပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လေယာဉ်မောင်းနှင်လာသော လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ပြီး အသေးစိတ် အခြေအနေများအား ဆက်လက်စုံစမ်းစိစစ်လျက်ရှိကြောင်း သိရသည်။
တောင်ငူလေတပ်စခန်းဌာနချုပ်မှ ပျံတက်၍ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော အဆိုပါ အက်ဖ် – ၇ လေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့် အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း လေယာဉ်ပျက်ကျရာနေရာသို့ တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွား ခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)