Environment, Disasters & Accidents
တွံတေးမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ မြေငလျင် လှုပ်ရှား

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံပြည်တွင်း ၊ တွံတေးမြို့၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့မတ် ၃၀ ရက်တွင် အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၃)မိုင်ခန့် ကွာဝေးသောနေရာကို ဗဟိုပြု၍ မတ်လ ၃၀ ရက်၊ ညနေ ၅ နာရီ ၊ ၅ မိနစ် နှင့် ၁၆ စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)