Connect with us

Environment, Disasters & Accidents

အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးချက် မိုးဇလထုတ်ပြန်

မိုးဇလ၏ သတိပေးချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက် ထုတ်ပြန်သည်။

ယနေ့ ညနေဘက်တွင် မိုးလေဝသတိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေအေးများ နှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများစုဆုံမှုကြောင့် လေထုအခြေမခိုင်မှုများဖြစ်ပေါ်ပြီး ယနေ့ မတ်လ ၃၀ ရက် ညနေ မှ နောက် ၃ ရက် အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် နေရာ ကျဲကျဲ နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ကြောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း နှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.