Connect with us

Environment, Disasters & Accidents

ထိန်ပင်အမှိုက်ပုံမီးငြှိမ်းသတ်မှုအတွက် အာဆီယံ ကူညီ

အမှိုက်ပုံမီးလောင်နေမှုအား အာဆီယံအဖွဲ့များ လာရောက် ကူညီနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား အာဆီယံမှ ကူညီဆောင်ရွက်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အမှိုက်ပုံမီးလောင်မှုအား အပြီးသတ် ငြှိမ်းသတ်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ပ ပညာရှင်များ၏အကူအညီနှင့် အကြံပြုချက်များဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရာတွင် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ ERATကလည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့က ဧပြီ ၂၉ ရက်တွင် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းသည့်နေရာသို့ ရောက်ရှိပြီး အမှိုက်ပုံမီးငြှိမ်းသတ်နေမှုနှင့်ပတ်သက်၍ နည်းစနစ်ပိုင်း ဆိုင်ရာ အကြံပြုချက်များနှင့် အကူအညီများကို ပေးခဲ့ကြောင်းသိရသည်။အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့်အကဲဖြတ်အဖွဲ့ ERAT အဖွဲ့တွင် စင်ကာပူနိုင်ငံမှ အများပြည်သူ ဆိုင်ရာ ကာကွယ်ရေးနှင့် မီးသတ် တပ်ဖွဲ့မှ ကျွမ်းကျင်သူ မီးသတ်တပ်ဖွဲ့ဝင်များအပြင် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများလည်း ပါဝင်ကြောင်း သိရသည်။ထိုသို့ ငြှိမ်းသတ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အကူအညီနှင့် အကြံပြုချက်များဖြင့် ထိုင်းနိုင်ငံ အရေးပေါ်နှင့် မီးသတ်ဌာနမှ အဆင့်မြင့်ပညာရှင်များကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.