Environment, Disasters & Accidents
ထူးကဲဒီရေမြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ကမ်းနားပတ်လမ်းရှိ ကွန်ကရစ်လမ်း ပြိုကျပျက်စီးမှုဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ထူးကဲဒီရေမြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမ်းနားပတ်လမ်းရှိ ကွန်ကရစ်လမ်း အရှည်ပေ (၂၀၀)ကျော်ခန့် ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းအချိန်က ထူးကဲဒီရေ မြင့်တက်မှုနှင့်အတူ ရေများဝင်ရောက်မှုတို့ကြောင့် မှော်စက်ရပ်ကွက် ကမ်းနားပတ်လမ်းရှိ ကွန်ကရစ်လမ်း အရှည်ပေ(၂၀၀)ကျော်ခန့် ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒလမြို့နယ် မှော်စက်ရပ်ကွက် နှင့် ဆာပါချောင်ကျောင်းစုရပ်ကွက် ဆက်သွယ်ထားသည့် ကမ်းနားပတ်လမ်း ကွန်ကရစ်လမ်းအပိုင်း၌ အကျယ် ၁၈ ပေ၊ ထု ၉ လက်မရှိ အရှည်ပေ(၂၀၀)ကျော်ခန့် ပြိုကျပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ(၉၇)သိန်းခန့် နှင့် ဆာပါချောင်ကျောင်းစုရပ်ကွက် ကမ်းနားပတ်လမ်းရှိ ကွန်ကရစ်လမ်း အကျယ်(၁၂)ပေ၊ ထု ၆ လက်မရှိ အရှည်ပေ(၅၀)ခန့် ပြိုကျပျက်စီးခဲ့မှုကြောင့် တန်ဖိုးငွေ(၁၀)သိန်းခန့် ဆုံးရှုံးမှုများရှိခဲ့ကြောင်း အဆိုပါ ပျက်စီးနေသော လမ်းအပိုင်းများကို မြို့နယ်စည်ပင်သာယာကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)