Environment, Disasters & Accidents
ထူးခြားမိုးလေဝသဖြစ်စဉ် မိုးဇလထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အရှေ့ဘက်မှ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသ အခြေအနေအား ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းငယ် ၏ အရှိန်ကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အရှေ့ဘက်မှ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)အထိ တိုက်ခတ်နိုင်ကြောင်း၊
အချိန်အခါမဟုတ်မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလ မှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)