Environment, Disasters & Accidents
ထူးခြားမိုးလေဝသအခြေအနေသတင်း မိုးဇလထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
အနောက်ဘက်မှ လာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော် မှလာသော လေနွေးများစုဆုံမှုကြောင့် (၁၆.၄.၂၀၁၈) ရက်နေ့မှ (၂၀.၄.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးဝေသအခြေအနေသတင်းအား ယနေ့ ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထူးခြားမိုးဝေသအခြေအနေသတင်း တွင်ပါရှိသည်။ (Xinhua)