Connect with us

Environment, Disasters & Accidents

နေပြည်တော်တွင် ဝန်ထမ်းကြိုပို့ ဖယ်ရီနှစ်စီး တိုက်မှုဖြစ် ၊ ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့် ရှိနိုင်

ဖယ်ရီ နှစ်စီးတိုက်မိမှု မြင်ကွင်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ယနေ့ နံနက်တွင် နေပြည်တော် ဧက ၁,၀၀၀ ဝန်ထမ်း အိမ်ရာ တိုက်အမှတ် ၁,၃၆၈ အနီးတွင် စာရင်းစစ်ချုပ်ရုံး ဝန်ထမ်း ဖယ်ရီကားနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဖယ်ရီကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့် ရှိနိုင်မည်ဟု ယူဆရကြောင်း နေပြည်တော် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာကို ပြောသည်။

၎င်းတာဝန်ရှိသူက “ ကျွန်တော်တို့ဆီကို နံနက် ၈း၅၀ နာရီမှာ ယာဉ်တိုက်ကြောင်း သတင်း ရောက်ပါတယ်။ ဒဏ်ရာရသူ အရေအတွက် ၃၀ ဝန်းကျင်လို့ ကြားရပေမယ့် အတိအကျ မသိရသေးပါဘူး။ ယာဉ်တိုက်မှုကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ သူ့ဆီက သတင်း အတိအကျက နောက် ၂ နာရီလောက်မှ တက်မှာပါ’’ ဟု ပြောသည်။
အပြင်းအထန် ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ရှိသည်ဟု မကြားမိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.